ခန္တီး သြဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုများနှင့်ပတ်သက်၍ အသိပညာပဗဟုသုတရရှိစေရန်၊ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်နှင့် သတိပြုရှောင်ရှားတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုဖိုင်အား အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)၌ ယမန်နေ့က ပြသခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသီဟထက်အောင်က ဆက်သွယ်ရေးလိမ်လည်မှုများနှင့်ပတ်သက်၍ ကြုံတွေ့နေမှုများ၊ ကြုံတွေ့နိုင်သည့် အခြေအနေများ၊ ကြုံတွေ့လာပါက ချိတ်ဆက်ဆောင်ရွက်ရမည့် အချက်များကို ကျောင်းသား/သူလေးများ သိရှိလာစေရန် အသိပညာပေးဟောပြောပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယို(၂)ဖိုလ်အားပြသရာ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၂၀)ဦးက စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်းသိရသည်။
ကမ်းကီး(ပြန်/ဆက်)