ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် အာဟာရကျွေးမွေးခြင်းများဆောင်ရွက်

ကန်ကြီးထောင့် ဩဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်း၍ အသိပညာတိုးပွားစေရန်အတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် အာဟာရကျွေးမွေးခြင်းများကို ယနေ့နံနက်(၁၁း၀၀)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ အ.မ.က(မြို့သစ်)တွင်‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာဟောပြာပွဲတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဝမ်းပျက်ဝမ်းလျော ရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဆောင်ရန်ရှောင်ရန်များနှင့် တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်စွာ နေထိုင်ခြင်း အစရှိသည်တို့ကို အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ ကျောင်းသား ကျောင်းသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ သွားပိုးစားခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများ၊ ဝမ်းပျက်ဝမ်းလျောရောဂါလက္ခဏာများနှင့် အခြားရောဂါ လက္ခဏာများ ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး KG ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရကျွေးမွေးခဲ့ကြရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင်ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး