ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

ကန်ကြီးထောင့် ဩဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံ၍အသိပညာဗဟုသုများပိုမိုတိုးပွားစေရန်နှင့် စာပေများပိုမိုဖတ်ရှုစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဉာဏစွမ်းရည်ပြိုင်ပွဲတွင် အမှတ်(၃)ရပ်ကွက်၊ အ.မ.က(မြို့သစ်)ရှိ ကျောင်းသား/သူများက ပုံ‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအစရှိသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဒုဦးစီးဒေါ်သီတာဝင်းက ကျောင်းသား/သူလေးများအား အသိပညာဗဟုသုရဖွယ် နံရံကပ် စာစောင်များ၊ စာအုပ်စာစောင်များအား လိုက်လံရှင်းလင်းပြသခဲ့ကြရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး