မော်လမြိုင် ဩဂုတ် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လပထမအပတ်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြတ်မြတ်မွန်က မတည်ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း(၆)သင်းအား သမဝါယမဦးစီးဌာနမှ စိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်ငန်းများအတွက် ငွေကျပ် ၂၂၂၃၄၈၀၀၀ ကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)