ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကွင်း‌ဆင်းဆောင်ရွက်

ညောင်တုန်း ဩဂုတ် ၁၄

ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာရှိ ပညာရောင်ခြည် စာကြည့်တိုက်နှင့် ရန်ကင်းစံရာကျေးရွာရှိ ဗြဟ္မစိုရ်အလင်းစာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့်ဝန်ထမ်းများက စာကြည့်တိုက်မှူး၊ စာကြည့်တိုက်‌ကော်မတီများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်အဆောက်အဦ၊ စာဖတ်ခန်းများသန့်ရှင်း‌သပ်ရပ်‌စေရေးနှင့် လေဝင်လေထွက်ကောင်းမွန်စေရေး၊ စာကြည့်တိုက်ရှိ စာအုပ်များစနစ်တကျထားရှိစေရေး၊ လှူဒါန်းရရှိ‌သော စာအုပ်များ စာရင်းရေးသွင်းမှုအား သင်ကြားပြသခြင်းနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များလှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)