ပန်းတနော် သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်အေးသီတာထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးစိုးလတ်က မေမေတို့အတွက် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုလက္ခဏာများ၊ စိတ်ထိခိုက်ခံစားရတာတွေကို လျှော့ချရန်နည်းလမ်းများအား MCCT အစီအစဥ် အကျိုးခံစားခွင့်ရှိသူများ၊ အကျိုးခံစားခွင့်ရှိသူများ၏ မိသားစုဝင်များနှင့် ရပ်ရွာအတွင်းရှိသူများအား အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ(၄၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)