ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကံသုံးဆယ်ရွာတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ

ငပုတော သြဂုတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ ကံသုံးဆယ်‌ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုရီက ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အသိပညာဗဟုသုတ ရရှိစေရန်နှင့်ဗလငါးတန်ဖွံ့ဖြိုးစေရေးတို့အတွက် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြော ဆွေးနွေးခဲ့သည်။

နေ့လယ်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အခြေခံပညာမူလတန်းလွန် သော်ကကွင်းကျောင်းသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့သည်။ ထို့နောက်တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များမေးမြန်းခဲ့ရာ ဦးစီးအရာရှိနှင့် ကျောင်းအုပ်ကြီးတို့က ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ခင်းကျင်းပြသထားသည် သုတ၊ ရသ စာအုပ်စာစောင်များနှင့် နံရံကပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။

အောင်သူ