နန်းယွန်း သြဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၌ မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲနှင့် အသက်(၅)နှစ်အောက် ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက နန်းယွန်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ နန်းယွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဘက်စုံသားဖွားဆရာမ ဒေါ်အက်စတာထွေးက မိခင်နို့စနစ်တကျတိုက်ကျွးရေးနှင့် ကလေးစောင့်ရှောက်မှုအကြောင်း၊ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး ပေးရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောသည်။ ဆက်လက်၍ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေရီကျင်း(မ်)က အွန်လိုင်းလိမ်လည်မှုဆိုင်ရာ အသိပညာပေးဗီဒီယိုကလစ် (၂) ခုအား ရှင်းလင်းပြသခြင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်မှ အသက်(၅)နှစ်အောက် ကလေးသူငယ်(၂၀၀)ဦးတို့အား တိုက်ကျွေးပေးခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)