စစ်ကိုင်း ဩဂုတ် ၁၄
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ကြက်ခြေနီအခြေခံသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံ လေလုံ အားကစားခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးတင်အောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ယခုဖွင့်လှစ်သည့် ကြက်ခြေနီအခြေခံသင်တန်းအမှတ်စဉ်(၁)ကို သင်တန်းသား၊ သင်တန်းသူ (၃၁၁) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကားလမှာ (၅)ရက် သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေလင်းအောင်