တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

တမူး ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မြဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုမွန်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းက လူငယ်နှင့်စာပေ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး ကျောင်းစာကြည့်တိုက် အတွက် သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေး နံရံကပ် စာစောင်ပြသခြင်း၊ စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရစာအုပ်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရတနာ