မအူပင် သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူင်ခရိုင်၊ မအူပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရေး ကျေးရွာစာကြည့်တိုက်များအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအာကာဦး၊ ဒုတိယဦးစီးမှူးဒေါ်ဆင့်ဆင့်ဝေနှင့်ဝန်ထမ်းများက မလတ်တိုကျေးရွာ အုပ်စုအတွင်းရှိ ကွန်တိုင်းလေးကျေးရွာ စက္ခုပသာဒ စာကြည့်တိုက်၊ ဖိုးရာဝဲကျေးရွာ ပါရမီ စာကြည့်တိုက်၊ သရက်ငူကျေးရွာ သတင်းစာဆရာဦးသိန်းတန်စာကြည့်တိုက်၊ မလတ်တိုကျေးရွာ သတင်းစာဆရာ ဦးသိမ်းမောင်စာကြည့်တိုက်တို့တွင် ကျေးရွာစာကြည့်တိုက်ကော်မတီ အဖွဲ့ဝင်များအား ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကွင်းဆင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် လူကုန်ကူးမှုအန္တရာယ်တိုက်ဖျက်ရေး အသိပညာပေး ဗီနိုင်းပိုစတာများအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်