ငပုတော ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား ယခုနှစ် ဩဂုတ်လ(၁)ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကော်မရှင်အဖွဲ့ခွဲ၏ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မိတ်ဆက်ပွဲနှင့်အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်၍ တစ်ဦးချင်းအလိုက် မိတ်ဆက်ဆောင်ရွက်မှု ပြုခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ဩဂုတ်လ နောက်ဆုံးထား၍ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲအား ဖွဲ့စည်းရန်နှင့် စက်တင်ဘာလတွင် မဲစာရင်းကြေငြာရန် လိုအပ်ကြောင်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိတို့မှ ရပ်ကွက်/ကျေးရွာအုပ်စု(၉၂)အုပ်စုမှမဲရုံပေါင်း(၂၄၅)ရုံဖွင့်လှစ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် တင်ပြထားသည့် ပါတီပေါင်း(၆)ခုရှိကြောင်း၊ မဲပေးစက်ဖြင့် မဲပေးနိုင်ရေးပညာရေးဝန်ထမ်းများအား စက်ကိုင်သင်တန်းဖွင့်လှစ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်များကိုလည်း ရွေးကောက်ပွဲ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ရန်ရှိကြောင်း၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများဖွဲ့စည်းရန်နှင့် မဲစာရင်းကြေငြာရန်လည်း ဆောင်ရွက်ရန်ရှိကြောင်းပြောကြားခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကလည်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလိုအပ်သည်များကို တစ်ဦးချင်းအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
အောင်သူ