ဟုမ္မလင်း ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား၊ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဘောလုံးကွင်းတွင် ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူအားကစားသမားများနှင့် ဧည့်သည်တော်များက နိုင်ငံတော်အလံအလေးပြုကြပြီး အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောင်းကောင်စီဥက္ကဋ္ဌ ဆရာမကြီးမှထပ်ဆင့် အမှာစကားပြောကြားခဲ့ကာ အလယ်တန်းကျောင်းသူလေးများက မြန်မာအားကစားကမ္ဘာကိုလွှမ်းရမည် “Fitness Dance ဖြင့် ကပြဖျော်ဖြေခဲ့ပြီး အထက်တန်း ကျောင်းသား/သူများက Dreamers သီချင်းဖြင့် Zumba အကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက်အားကစားသမားများက ကျောင်းကောင်စီဥက္ကဋ္ဌအား ချီတက်အလေးပြုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ကျောင်းကောင်စီ ဘောလုံးအသင်းများမှ အလောင်းဘုရားနှင့် ဗန္ဓုလအသင်းတို့က စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ ကျောင်းကောင်စီ ဘောလုံးအသင်းများမှ (၁၃-၈-၂၀၂၅)မှ (၂၁-၈-၂၀၂၅) ရက်နေ့အထိ စုစုပေါင်း ၅ သင်း ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)