ဘိုကလေး ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေးအတွက် မျိုးစေ့ချကိရိယာ (DrumSeeder) ဖြင့် မျိုးစေ့ချစိုက်ပျိုးထားသည့် သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာမှ စပါးခင်းအား ဓါတ်မြေ ဩဇာကြဲပက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်ညီညီထွဋ် အပါအဝင် ကော်မတီဝင် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာ ကွင်းအမှတ်(၇၀၉)၊ ဦးပိုင်(၁၀) တောင်သူဦးတင်စိုး၏ လယ်မြေတွင် အောင်နိုင်တိုးစပါးခင်းကို ပေါင်းလိုက်သမန်းနှိုးခြင်းနှင့် ဓါတ်မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြ မှုအား ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်ညီညီထွဋ်က ကွင်းသရုပ်ပြပွဲ တက်ရောက်ကြသူများအား ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)