ငပုတော သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တွင် ကျောင်းကျန်းမာရေးသတင်းပတ် လှုပ်ရှားမှုမြို့နယ်အဆင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ စာစီစာကုံး၊ ပန်းချီနှင့်ပိုစတာပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.ကငပုတောနဝရတ်ခန်းမ၌ ကျင်းပပြုလုပ်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ကောိမတီဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး စစ်ဆေးခြင်း၊ ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း၊ ပျိုဖော်ဝင်သံဓါတ်ဆေးပြားတိုက်ကျွေးခြင်း၊ သံချဆေး တိုက်ကျွေးခြင်းနှင့် KG ကျောင်းသားများအား အာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
အောင်သူ