ချောင်းဆုံမြို့နယ်၌ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ချောင်းဆုံ ဩဂုတ် ၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဖံဖ(အ.လ.က-ခွဲ)ကျောင်းနှင့် တကူတာ(အ.မ.က) ကျောင်းတို့တွင် လူငယ်ရေးရာအသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်းရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲများတွင် မြို့နယ်ပညာရေးမှူး ဦးလှဋ္ဌေက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ ဟောပြောပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးဦးက စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်း စသည်ဖြင့် ဟောပြောခဲ့ကြပြီး ကျောင်းသား/သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ကိုကျော်