ဘိုကလေး ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့မှစတင်ကွင်းဆင်း၍ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးများ ဦးဆောင်၍ ဘိုကလေးမြို့နယ်အတွင်းမှ သံလိုက်၊ ကမကလူ၊ လင်းတိုင်း၊ ညီနောင်ဝ၊ ပက်ပြဲ ကျေးရွာအုပ်စုများသို့ကွင်းဆင်း၍ (၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေး ကတ်များပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်လျက် ရှိကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး အနေဖြင့် ဘိုကလေးတစ်မြို့နယ်လုံးရှိ ရပ်ကွက်/ကျေးရွာများအားလုံးသို့ ဆက်လက်ကွင်းဆင်း၍ အဆိုပါလုပ်ငန်းစဉ်များအား ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)