ကလေးဝ သြဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အောင်နိုင်တိုးအထွက်ကောင်း စပါးမျိုးသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက ကိုင်းကျေးရွာ၌ လက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါလက်တွေ့သရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ဦးသန်းထွန်းကြီးက သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် သရုပ်ပြပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကိုင်းကျေးရွာတောင်သူ ဦးစောနိုင်၏ ကွင်းအမှတ် ၃၈၊ ဦးပိုင်အမှတ် ၄၁၊ လယ်မြေ ၀.၄၅ ဧက၌ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများက ပူးပေါင်း၍ အုန်းခံစနစ် ဆယ်တန်းတစ်တန်းလှပ်တန်းကြားပင်ကြား ၇ လက်မ ၆ လက်မ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)