ရွှေသောင်ယံမြို့ရုံးတွင် စာဖတ်ဝိုင်းပြုလုပ်

ရွှေသောင်ယံ ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ညနေက ချစ်နိုင်(စိတ်ပညာ)ရေးသားသော “အကြီးအမှူးးဖြစ်စေတတ်သော” စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခေါင်းဆောင်မှတ်စုဆောင်းပါးမှ “လင်ကွန်း၏ခေါင်းဆောင်မှုကျင့်စဉ်များ” အခန်း(၁၅)ခန်းကိုအကျဉ်းချုပ်၍ ဖတ်ရှုဆွေးနွေးရာ အခန်း(၁၅)ခန်း၌ ပါရှိသည့် အစိတ်အပိုင်းအသီးသီးမှတန်ဖိုးရှိသော ခေါင်းဆောင်တစ်ဦး၏မှတ်စုမှ တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များ အသိပညာတိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်။

ထို့နောက် “အကြီးအမှူးဖြစ်စေတတ်သောတရား” ဆောင်းပါးမှမဟာလိအား မြတ်စွာဘုရားရှင် ဟော‌တော်မူသော သိကြားမင်းဖြစ်အောင်အကျိုးပေးသော ကျင့်ဝတ် (၇) ပါးအကြာင်းကို ဖတ်ရှုဆွေးနွေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)