ကျိုက်ထိုမြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျိုက်ထို ဩဂုတ် ၁

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီတာလွင်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးကော်မတီမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ပါကအသက်အရွယ်အလိုက် အသက်မွေးပညာကျောင်များသို့ ပို့ဆောင်၍ အသက်မွေးပညာရပ်များကို သင်ကြားပို့ချလျက်ရှိကြောင်းတို့ကို ရှင်းလင်း‌ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာလွင်နှင့် ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမောင်