သထုံ ဩဂုတ် ၁၃
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းရံပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဆောင်၍ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ ဩဂုတ်လ(၇)ရက်နေ့က လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် ကတ္တရာလမ်းတစ်လမ်းနှင့် တံတားတစ်စင်းတို့၏ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို မှာကြားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)