ကန်ကြီးထောင့်မြို့နယ်၌ မော်‌တော်ယာဉ်များ စစ်‌ဆေးခြင်းအား စဉ်ဆက်မပျက်ဆောင်ရွက်

ကန်ကြီးထောင့် ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ် မော်တော်ယာဉ်များ၊ ယာဉ်နံပါတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် လိုင်စင်မဲ့မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုရဲအုပ်မျိုးနိုင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများပူးပေါင်း၍ လိုင်စင်မဲ့မော်‌တော်ယဉ်များ စစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့၏ဘဝ အကြမ်းဖက်သမားများ ဘေးရန်မှကင်းဝေး၍ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့်ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)