လှိုင်သာယာ(အရှေ့ပိုင်း) ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၈၀)နှစ်အထက်သက်ကြီးဘိုးဘွားများအား ဆန်၊ ဆီနှင့်အလှူငွေများ လှူ ဒါန်းပေးအပ်ခြင်းကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီ၌ အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်ရာတွင် အသက်(၈၀)နှစ်အထက်သက်ကြီးဘိုးဘွား(၁)ဦးလျှင် ဆန်(၁၂)ပြည်တစ်အိတ်၊ ဆီ(၅၀)သားတစ်ဘူး၊ အလှူငွေ(၅၀၀၀၀)ကျပ်တို့ကို ဘိုး ဘွား(၁၀)ဦးတို့အတွက် အလှူရှင်ဦးထိုက်တန်မိသားစုမှလှူဒါန်းပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်သူဇာသိမ့်နှင့်အဖွဲ့၀င်များ၊ အမှတ်(၁၅)ရပ်ကွက်အမျိုး သမီးရေးရာဥက္ကဋ္ဌ ဒေါ်ချိုချိုသန်းနှင့်အဖွဲ့၀င်တို့မှ ဘိုးဘွားတစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် (၁၀)ဦးအတွက် (၃၀၀၀၀၀)ကျပ်တို့ကို အမှတ်(၁၅)ရပ်ကွက်အုပ် ချုပ်ရေးမှူးဦးအေးကြိုင်နှင့်အဖွဲ့၀င်တို့မှ ပူးပေါင်း၍လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)