ညောင်လေးပင် ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြွန်တန်ဆာမြို့ အ.လ.က(ခွဲ)သခွပ်ကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကိုသိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ စာဖတ်နည်း(၃)နည်းနှင့် စာတတ်ဖို့သာမကပညာတတ်ဖို့ပါကြိုးစားရမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအားသိသင့်သိထိုက်သည်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့်စာအုပ်စာ စောင်များဖတ်ရှုစေခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ် သားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)