ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ညောင်လေးပင် ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ က လေးသူငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ အသိပညာဗဟုသုတများရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အ.လ.က(ခွဲ) တပ်မ တော်ရပ်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ အ.လ.က(ခွဲ)တပ်မတော်ရပ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးအောင်ဝင်းသန်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကိုသိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ စာဖတ်နည်း(၃)နည်းနှင့် စာတတ်ဖို့သာမကပညာတတ်ဖို့ပါကြိုးစားကြရမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ကျောင်းသားလူငယ်များဗဟုသုတရဖွယ် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များအားဖတ်ရှုစေခြင်း၊ ရုပ်ပုံပြဇာတ်နှင့်ရုပ်ပုံပြဇာတ်ပါစာအုပ်များဖြင့်ပုံပြင်ပြောပြခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊ လူ ငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အသိပညာပေးနံရံကပ် စာစောင်များပြသခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)