သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (သုဝဏ္ဏ) တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးမှူး၍ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၁၁ ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း (သုဝဏ္ဏ)၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် ရန်ကုန်တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဠ ဒေါက်တာဇော်ဌေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး တာဝန်ရှိသူများက ထူးချွန်ဆုရ သင်တန်းသား /သင်တန်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဠ ဒေါက်တာဇော်ဌေး၊ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒါလီမျိုးဦးနှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှုး ဦးခင်သန်း၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးထိန်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးထလာချုန်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် သင်တန်းဆင်းပွဲအခမ်းအနားတွင် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်စန်းက ကျေးဇူးတင်အမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မိုး