ကလေးမြို့တွင် စက်ချုပ်နည်းပညာမွမ်းမံသင်တန်းဖွင့်ပွဲနှင့် ချင်းရိုးရာလက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

ကလေး သြဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့်  ချင်းရိုးရာလက်ရက် ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးခရိုင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ထွန်းအောင်က သင်တန်းဖွင့်နှင့်သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး၊ ကလေးခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်း လုပ်ငန်း၏ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် စက်ချုပ်မွမ်းမံသင်တန်းအတွက် သင်တန်းသုံးပစ္စည်းများအား စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မော်အေးက သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးအားပေးအပ်ခဲ့ပြီး ရက်ကန်းအခြေခံသင်တန်းမှထွက်ရှိလာသည့် ကုန်ချောပစ္စည်းများအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုးက သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ချင်းရိုးရာလက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာ အခြေခံသင်တန်းမှ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ ချင်းရိုးရာလက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှု အခြေခံသင်တန်းမှထွက်ရှိသည့် ကုန်ချောပစ္စည်းများ လှည့်လည်ကြည့်ရှုခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)