ဒဂုံအရှေ့ ဩဂုတ် ၁၃
ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသံချောင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများတက်ရောက်၍ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ငါးရိက္ခာဖူလုံစေရန် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ ငါးမြစ်ချင်းကောင်ရေ (၈.၄၀) သိန်းနှင့် ငါးခုံးမကြီးကောင်ရေ (၀.၄၀) သိန်း စုစုပေါင်းငါးအသားပေါက်ကောင်ရေ (၈.၈၀) သိန်းတို့အား မအူချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ