ကလေးဝ ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် သောက်ရေသန့်ထုတ်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သောက်ရေသန့်ထုတ်စက်ရုံများအား ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ဝင်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြ ည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်း၍ စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့ပေါ်ရှိသောက်ရေသန့်ထုတ်လုပ်သော MARS ရေသန့်စက်၊ ဖူးဖူးဝေ ရေသန့်စက်နှင့် ထိန်ထိန်ဝင်းရေသန့်စက်တို့အား သောက်ရေသန့်ထုတ်လုပ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်မှုရှိမရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိမရှိ၊ အစားအသောက်ထုတ်လုပ်မှု ထောက်ခံချက်ရှိ၊ မရှိနှင့် လိုင်စင်သက်တမ်းတိုးလျှောက်ထားမှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)