မင်းလှ ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွှေဝါမြိုင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမီတတ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရွှေဝါမြိုင်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးသောင်းကြည်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်သက်သက်နွယ်က သမဝါယမဦးစီးဌာနမှ ပြည်သူများအတွက် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုး တက်စေရေး ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် အသင်း၏စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသင်းအမှုဆောင်အဖွဲ့က အသင်း၏လုပ်ငန်းအခြေအနေများကို အသင်းသားများသို့ ချပြရှင်းလင်း၍ သဘောတူညီချက်ရယူကာ အသင်းသားများအား လက်ဆောင်ပစ္စည်းများနှင့် အကျိုးခံစားခွင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)