စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဦးဆောင်ပြီး၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား လူငယ်စကားဝိုင်းကျင်းပ

မုံရွာ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဦးဆောင်ပြီး ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင် ဒုတိယပိုင်းအစီအစဥ်အဖြစ် လူငယ်စကားဝိုင်းကို ယနေ့မွန့်းတည့် ၁၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မြင့်မြင့်အောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီကရီ၊ ကောလိပ် ကျောင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ လူငယ်စကားဝိုင်းတွင် မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးဦးဆောင်ပြီး တက္ကသိုလ်၊ ဒီကရီ၊ ကောလိပ် ကျောင်းများမှ ကျောင်းသားကျောင်းသူ (၅) ဦးက လူငယ်နှင့် AI ၊ လူယ်နှင့် ယဥ်ကျေးမှု၊လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် အနာဂတ်၊ လူငယ်နှင့် ပညာရေးစသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက သိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး လူငယ်စကားဝိုင်းကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)