ပေါင်းတည် သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ မိတ်ဆက်တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပေါင်းတည်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသစ်လွင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ဌေး၊ ဦးဝင်းနိုင်၊ ဦးခင်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့် ဌာနဆိုင်ရာများက အသီးသီးမိတ်ဆက်စကားပြောကြားကြသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဇေယျာဖြိုးက ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM မဲပေးစက်ဖြင့် မဲပေးရာတွင် ကျေးရွာနေပြည်သူများ လွယ်ကူစွာအသုံးပြုတတ်စေရန် အသုံးပြုပုံများကို ကျေးရွာအခြေပြုဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ် ၄ ဦးအပါအဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ ၁၀ ဦး စုစုပေါင်း ၁၄ ဦးပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
ရွှေသား