မင်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်

မင်းလှ ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရန်နှင့် မြို့နယ်အတွင်းရှိ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါမဖြစ် ပွားစေရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာ ကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ‌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် စာသင်ခန်းများ၊ နေအိမ်များရှိ ရေလှောင်ကန်များ၊ ရေစည်ရေအိုးများ၊ ဘုရားပန်းအိုး၊ တာယာအဟောင်း စသည့်နေရာများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေနိုင်သည့် ခြင်များ၊ ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ သောက်သုံးရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ