စစ်ကိုင်း သြဂုတ် ၁၂
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်အတွက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းက ခါမင်းဝဲတောင်ကျောင်း၊ ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လွင်မာအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်ဇော်နှင့် တာဝန်ရှိသူများက ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် သင်ထောက်ကူပစ္စည်းများကိုပေးအပ်ရာ သင်တန်းသူများက လက်ခံရယူခဲ့ကြသည်။ အဆိုပါတန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၇) ရက် ကြာဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသူ(၁၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
နေလင်းအောင် (ပြန်/ဆက်)