သထုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သထုံ ဩဂုတ် ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံခရိုင်ဦးစီးမှူး ဦးမောင်မောင်မြင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သထုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သိမ်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူများအား အသက်(၁၀)နှစ်ပြည့် နိုင်-၃(က)၊ အသက်(၁၈)နှစ်ပြည့် နိုင်-၆(က)၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)