မိုင်းပန်မြို့နယ်၌ ကျောင်းကောင်စီဖလား မိုးရာသီအားကစားပြိုင်ပွဲများ ကျင်းပ

မိုင်းပန် ဩဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၏ ကျောင်းကောင်စီဖလား မိုးရာသီ ဖူဆယ်ဘောလုံး၊ ပိုက်‌ကျော်ခြင်းနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများအခမ်းအနားကို အ.လ.က(မွေတော်) အားကစားကွင်း၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.လ.က(မွေတော်)၊ ကျောင်းသား/သူများ၏ ဘင်ခရာအဖွဲ့က “အာရှမြန်မာ”သီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား/များအား အောင်ပွဲကြိုပန်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကွယ်က လူငယ်နှင့် အားကစားစိတ်ဓာတ်၊ အသင်းအဖွဲ့များနှင့် စည်းလုံးစွာဆောင်ရွက်တတ်စေရန်၊ ဉာဏ်ရည်ထက်မြက်စေရန်နှင့် နိုင်ငံ့သားကောင်းများဖြစ်ပေါ်လာစေရန်အတွက် ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)