မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မိုင်းဆတ် ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲဆန္ဒရှင်များ အသိပညာပေး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားတွင် အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇင်မင်းထွန်းက ရွေးကောက်ပွဲဖြစ်မြောက်ရန်နှင့် တပ်မတော်သားများနှင့် မိသားစုဝင်များ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အသုံးပြုပုံ၊ အသုံးပြုနည်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသော တပ်မတော်သားများနှင့် မိသားစုဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)