မုဒုံ သြဂုတ် ၁၂
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား (ရပ်ကွက်/ကျေးရွာ) ပေါင်းစုံအလွတ်တန်း ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀)ဘောလုံးကွင်း၌ ကျင်းပသည်။
မိုးရာသီဘောလုံးပြိုင်ပွဲများကို တစ်မျိုးသားလုံးကျန်းမာကြံခိုင်စေရေး၊ ဘောလုံးအားကစားနည်းအား လူတန်းစားအလွှာအသီးသီးမှ အထူးစိတ်ဝင်စားလာပြီး မြန်မာ့ဘောလုံးအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားစေရန်နှင့် မြို့နယ်၊ ပြည်နယ်ပြိုင်ပွဲများမှ နိုင်ငံလက်ရွေးစင်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ကျင်းပပေးလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း (၁၄)သင်းက ပါဝင်ခဲ့ရာ ဗိုလ်လုပွဲစဥ်တွင် မြို့မ (၂) အသင်းနှင့် မြို့မ (၃) အသင်းတို့ ယှဥ်ပြိုင်ကြ၍ ပယ်နယ်တီအဆုံးအဖြတ်( 3 ဂိုး၊ 4 ဂိုး)ဖြင့် မြို့မ(၃) အသင်းက အနိုင်ရဗိုလ်ဆွဲခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြိုင်ပွဲ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအား ကစားသမားဆု၊ ပထမ၊ ဒုတိယ၊ တတိယတစ်ဦးချင်းဆု၊ အသင်းလိုက်ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူ(၁၆၀၀)ခန့် အားပေးကြကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)