တောင်တွင်းကြီး သြဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်နိုင်စိုးမှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရအကြောင်းနှင့် ဗီတာမင်ဘီဝမ်းအကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရရှိသောအစားအစာများအား ရွေးချယ်စားသုံးသင့်ကြောင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း၊ သံဓာတ်အာဟာရဗီတာမင်အေနှင့် မိခင်နို့တိုက်ကျွေးရေး အကျိုးကျေးဇူးများ၊ အသက်(၂)နှစ်မှ (၅)နှစ် ကလေးငယ်များအား သံချဆေးတိုက်ကျွေးရပုံအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကြက်ဥ၊ ငှက်ပျောသီး၊ အိုင်အိုဒင်းဆားများ၊ ကိုယ်ဝန်ဆောင်အားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးငယ်များအား ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)