သာယာဝတီ သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်ဆောင်ရွက်သော ရန်ကုန်ပြည်လမ်း-မကျီးကွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းအား သြဂုတ်လ ၁၁ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်ဦးထွန်းဝေသည် သာယာဝတီခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြတ်စိုးနှင့်အတူ ဌာနတာဝန်ရှိသူများလိုက်ပါ၍ သာယာဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေး နှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် Myint & Co Engineering ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန်ပြည်လမ်း-မကျီးကွင်းလမ်း ကျောက်ချောခင်းခြင်း လမ်းအကျယ် ၂၄' ရရှိရန် မြေသားတာဘောင်ချဲ့ခြင်း၊ Subgrade ချဲ့ခြင်းအပါ) (၀/၆မိုင်x၁၆'x၆'')လုပ်ငန်း ဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအားမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)