ကလေးဝမြို့တွင် ချင်းတွင်းမြစ်နှင့်မြစ်သာမြစ်တို့၏ မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေး

ကလေးဝ သြဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ချင်းတွင်းမြစ်နှင့်မြစ်သာမြစ်တို့၏ မြေပေါ်ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေးရာတွင် Quality Parameter ၁၀ မျိုးဖြင့် တိုင်းတာစစ်ဆေးပြီး နိုင်ငံတကာစံသတ်မှတ်ချက် ၃ မျိုးဖြစ်သော National Surface Water Quality Standards in Myanmar၊ Vietnam Surface Water Quality Standards၊ National Drinking Surface Water Quality Standards (NDWQS) တို့နှင့် ကိုက်ညီမှုရှိ/မရှိ တိုင်းတာစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးရာဇာဝင်း ဦးဆောင်သောအဖွဲ့က ချင်းတွင်းမြစ်နှင့်မြစ်သာမြစ်တို့၏ မြေပေါ်ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)