ငပုတော ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နုနုရီက အရွယ်မရောက်သော ကလေးသူငယ်များအား လူကုန်ကူးမှုတားဆီးကာကွယ်နိုင်ရေး၊လုပ်အားနှင့် လိင်ပိုင်းမှခေါင်းပုံဖြတ်ခြင်းမှ ကာကွယ်တားစီးနိုင်ရေး၊ အရွယ်မရောက်သေးသော ကလေးသူငယ်များအား မတရားခိုင်းစေခြင်းမှပပျောက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အရေးယူဆောင်ရွက်မှုများကို နိုင်ငံတော်မှတိကျသော အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်နေမှုများ၊ ဥပဒေအကြောင်းအရာများကို အသိပညာပေး ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းလာမှုအပေါ် မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)