ငွေဆောင် သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများစုပေါင်း၍ ငွေဆောင်မြို့အတွင်းရှိ ကျောင်းတိုက်အသီးသီး၌ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ် (၅) ပါးအား ပင့်ဆောင်ကာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် တရားနာယူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့်ဝန်ထမ်းများ၊ တရားနာလာရောက်ကြသူများက ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများကဆရာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္တုပစ္စည်းများနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များထံမှ အနုမောဒနာတရားများ နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ထို့နောက် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ လာရောက်ကြသော ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်များအား နံနက်စာ( မုန့်ဟင်းခါး) ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။
R – 014