သဲကုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

သဲကုန်း ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သဲကုန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးစောပြည့်စုံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှဦးစီးအရာရှိဒေါ်သူဇာခင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်းအား ရှင်းလင်းပြသပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသည့်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများလက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစမဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့ပြသခြင်းအား ရပ်ကွက်နေပြည်သူ(၁၀၇)ဦးမှ လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)