ဘယ်လင်းအကျဉ်းဦးစီးဌာန၌ သုတ/ရသ စာအုပ်၊ စာစောင်များ  (အခမဲ့) ငှားရမ်း

စဉ့်ကိုင် ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဘယ်လင်းအကျဉ်းဦးစီး ဌာနသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်၊ စာစောင်များ(အခမဲ့) ငှားရမ်းပေးခြင်းကို ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှူးဒေါ်စန္ဒာအေးအောင်က သုတ /ရသစုံလင်သည့် စာအုပ်စာစောင်များကို (အခမဲ့) ငှားရမ်းပေးခဲ့ခြင်းရည်ရွယ်ချက်ကို  ပြောကြားသည်။  ထို့နောက် ဘယ်လင်းအကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အကျဉ်းသား/ အကျဉ်းသူများအား တစ်ဦးလျှင် စာအုပ်နှစ်အုပ်ဖြင့် (၇)ရက်ကြာဖတ်ရှုနိုင်ကြောင်းနှင့် အသင်းဝင်သစ်များကို အသင်းဝင် စာငှားကတ်များ ပြုလုပ်ပေးသည်။

ပြည်သူများ စာပေကိုအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးသူတိုင်း (အခမဲ့)အသင်းဝင်ရောက်ပြီး (အခမဲ့) လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)