မိတ္ထီလာမြို့နယ်တွင် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ သြဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၇/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၁ ရက်က ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ  ဒါရိုက်တာ အဖွဲ့ဝင်-၂  ဦးထွန်းထွန်းဆွေက  မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော စာရင်းကိုင်း-၄ ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ရုံးလုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍  လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၅)ကို ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)မှ အထွေထွေမန်နေဂျာ(ဘဏ္ဍာ)၊ လက်ထောက်အထွေထွေမန်နေဂျာ(ဘဏ္ဍာ)၊ ခရိုင်လျှပ်စစ် မန်နေဂျာ၊ လျှပ်စစ်အင်ဂျင်နီယာတို့မှ ပို့ချသွားမည်ဖြစ်ပြီး ၎င်းသင်တန်းကို ခရိုင်အတွင်းရှိ စာရင်းကိုင်း-၄ ဝန်ထမ်း ၄၆ ဦး တက်ရောက်ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)