လမ်းမတော်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လမ်းမတော် သြဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကောင်းမြတ်ကျော်က ဝန်ထမ်းများ မိမိလုံခြုံရေး၊ ရုံးလုံခြုံးရေးအထူးဂရုပြုဆောင်ရွက်ကြရန်၊ မသင်္ကာဖွယ်ရာများတွေ့ရှိက ချက်ချင်းသတင်းပေးပို့ရန်၊ ဌာနဆိုင်ရာများအနေဖြင့် ထူးခြားဖြစ်စဉ်များချက်ချင်းတင်ပြကြရန်၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များတွင် ဌာနဆိုင်ရာများအနေဖြင့်မိမိကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ မြို့သန့်ရှင်းသာယာလှပရေး၊ ရုံးများဥပဓိရုပ်ကောင်းမွန်စေရေးဆောင် ရွက်ကြရန်၊ မီးဘေး/သဘာဝဘေးအထူးဂရုစိုက်ကြရန်နှင့် ဌာနဆိုင်ရာများအချင်းချင်းညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စများအားပူးပေါင်းဆောင်ရွက်နိုင်ရန်လိုအပ် ကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် မြို့နယ်ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)