ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ဒဂုံ(ဆိပ်ကမ်း)ဩဂုတ် ၁၁

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌နေ့နံနက် ၁၀ နာရီက ညောင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအေးကျော်က နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေး ရပ်ကွက်နေပြည်သူလူထုလက်ဝယ်အရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မှတ်ပုံတင်ကတ်ရရှိသူများအား ဂဏန်း(၁၀)လုံးပါဝင်သည့် UID ကတ်များပြုလုပ်ပေးနိုင်ရေး ဇီဝဆိုင်ရာအချက်အလက်များစိစစ်ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းကိုလည်း နေ့ချင်းပြီးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် ပန်းခင်းစီမံချက်ဖြင့်ထုတ်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်း(၂၁)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၈၅ ကတ်အား မြို့နယ်လဝကဦးစီးမှူးဦးအေးကျော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မျိုးသူနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ဦးတို့က ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် UID ကတ်များပြားများအား နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။

ညောင်ပင်ကျေးရွာအတွင်းကျန်ရှိသည့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူများအား လက်ထောက်လဝကမှူးဒေါ်သန်းသန်းစိုးနှင့်အဖွဲ့က ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)