ရန်ကုန် သြဂုတ် ၁၁
သန်လျင်ခရိုင်၊ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ကြီးတွင် ငွေလှရတနာအဘိဓမ္မာသင်တန်းကို ယမန်နေမွန်းလွဲ(၃)နာရီမှစတင်၍ ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများဖြစ်သောဒေါ်ဥမ္မာသိန်းနှင့် ဒေါ်သီတာအေးတို့က အဘိဓမ္မာဆိုင်ရာဋီကာကျော် ပထမအဆင့်နှင့်ဒုတိယအဆင့်(ဘုံပိုင်း)တို့ကို သင်ကြားပို့ချပေးကြပြီးအဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၄၅)ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။
ဖြိုးသီဟ(သန်လျင်)