သုံးခွမြို့နယ် ရှမ်းစုကျေးရွာအုပ်စုရှိ ကျောင်းသား/သူများနှင့် ကျေးရွာနေမိဘပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေး

သုံးခွ သြဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးနှင့်ဝန်ထမ်းများက ရှမ်းစုကျေးရွာအုပ်စုရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာနေမိဘပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် မြို့နယ် လဝကဦးစီးမှူး ဦးထွန်းဆွေက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပ‌ဒေအ‌ကြောင်းအရာများ၊ ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိခြင်းကြောင့် ရရှိမည့်အကျိုး‌ကျေးဇူးများ၊ မပျောက်မပျက်အောင် စနစ်တကျထိန်းသိမ်းရန်လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းစုကျေးရွာအုပ်စုရှိ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာနေမိဘပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အဖွဲ့များခွဲ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများပါမကျန် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် လိုအပ်သောအချက်အလက်အထောက်အထားစိစစ်ပြီး ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)